Pages

Thursday, April 16, 2015

သာယာဝတီထောင်မှ ငရဲခန်းများ ( ကျော်မြသန်း )



သာယာဝတီထောင်မှ ငရဲခန်းများ ( ကျော်မြသန်း )
 
၁၉၄၈-ခု ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သာယာဝတီ အကျင်းထောင်ကြီးကို
နိုင်ငံရေး အကျင်းသမားများထားရှိရာ ထောင်ကြီးအဖြစ် သတ်မှတ်၍ ၁၉၄၈-ခု မတ်လမှစ၍
ကွန်မြူနစ် ဖြူ… နီ...ကြောင်... ကြားများ အပါအဝင် နိုင်ငံရေး အကျင်းသမားများကို သာယာဝတီ
ထောင်သို့ စတင်ပို့ခဲ့၏။ ထိုအချိန်မှ စတင်၍ သာယာဝတီထောင်က ငရဲခန်းဇာတ်လမ်း
စတင်ခ့၏ဲ ။ ထိုစဉ်က သာယာဝတီထောင်ရောက် အကျင်းသား အားလုံးလိုပင် လောကငရဲသို့
ရောက်ခဲ့ရသည်ပမာ ညှင်းပန်းနှိပ်စက်မှုမျိုးစုံကို အလူးအလှိမ့်ခံခဲ့ရ၏။ ထောင်မှ ထွက်လာသူများ
အနက် လူစဉ်မမှီ ဖြစ်ခဲ့သူများ၏ အရေအတွက်မှာလည်း ထောင်ဂဏန်းတမျှ ရှိခဲ့သလို
နှိပ်စက်ညှင်းပန်းမှုဒဏ်ကြောင့် သေဆုံးခဲ့သည့် ဦးရေမှာလည်း မနည်းခဲ့ပေ။
ထိုစဉ်က သာယာဝတီထောင်၏ ညှင်းပန်း နှိပ်စက်မှုများ မည်မျှလောက် ဆိုးဝါးရက်စက်
ပြင်းထန်ခဲ့သည်ကိုမူ ဤစာအုပ်က အဆအဖြတ် ပေးလာလိမ့်မည် ဖြစ်ပါသည်။ သာယာဝတီ
အကျင်းထောင်အကြောင်း ရေးလျှင် ထိုစဉ်က ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူများမှာ
များသောအားဖြင့် ကွန်မြူနစ် နိုင်ငံရေး အကျဉ်းသားများသာဖြစ်ကြရာ ယခုစာရေးသူ အနေဖြင့်
ကွန်မြူနစ် နိုင်ငံရေးသမားများအား ဝါဒအနေအားဖြင့် လည်းကောင်း၊ ပုဂ္ဂိုလ်စွဲအားဖြင့်
လည်းကောင်း၊ အတ္တစွဲထား၍ ရင်ထုမနာ ရေးသားခြင်း မဟုတ်သည်ကိုမူ ဦးစွာ အလေးအနက်
ဝန်ခံလိုပေသည်။


 

No comments:

Post a Comment